ချောင်းသာမြို့ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးနှင့် သန့်ရှင်းသာယာရေးအတွက် စုပေါင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာကျောင်းများ၌ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး နှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့ပေါ်ရှိကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။