လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှ ရရှိ သည့်ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့ နံနက် ၁၁ နာရီအချိန်က  အမှတ်(၄) ရပ်ကွက်သို့ သွားရောက်ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

ကေ့ာကရိတ်မြို့၌ အဝတ်တံမြက်စည်းတစ်နိုင်တစ်ပိုင်ပြုလုပ်ခြင်းဖြင့်မိသားစု ဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ အမှတ်(၄) ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အဝတ်တံမြက်စည်း  လုပ်ကိုင်ရောင်းချလျက်ရှိရာ မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရ သည်။

လင်းခေး၌ မိုးရာသီ(အကြို) စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ရှိ ကျောင်းစိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသား၊ သမီးများအား ယဉ်ကျေးလိမ္မာသော ကလေးငယ်များဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကြီးမှူးပြီး အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းကို ယနေ့ နံနက် ၉ နာရီက စုပေါင်းရုံးခန်းမ၌ ဖွင့်လှစ် ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ ကျောင်းဝင်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် Abate ဆေးခတ်ခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၁) ,(၂) ,(၃) ရပ်ကွက်များအတွင်းရှိ စာသင်ကျောင်း(၃)ကျောင်းတွင် မြို့ဌာနဆိုင်ရာများ၊ ကျေးလက်ကျန်းမာရေး ဆရာမ (၂)ဦး၊ ကြက်ခြေနီအဖွဲ့ဝင် (၂)ဦးနှင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးများမှ ယနေ့ နံနက်(၉) နာရီအချိန်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

တောင်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် မြင်းခြံခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် (၈) နာရီအချိန်က ကျေးရွာ (၃) ရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစာဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၈နာရီအချိန်က စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to