ကျိုက်လတ်၌ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျိုက်လတ် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်မှုဖြင့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ဆူးဂဏန်းကျေးရွာအုပ်စု၊ ကျိုက်လတ်-မအူပင်ကားလမ်းမကြီးဘေး၊ မိုင်တိုင်(၁၄/၇)မိုင်တွင် ယနေ့နံနက် (၇)နာရီခွဲခန့်က ကျင်းပခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးမည့် ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဋ္ဌာန ကျိုက်လတ်မြို့နယ် တာဝန်ခံတောအုပ် ဦးအောင်ကျော်ဦးတို့မှ တက်ရောက်လာသူများထံ ပေးအပ်၍ ကျွန်းပင် ၁၅၂၊ မဟော်ဂနီပင် ၁၅၀၊ မန်ဂျန်ရှားပင် ၁၀၀၊ စိန်ပန်းပင် ၇၆၊ ပင်လယ်ကဗွီးပင် ၇၀၊ ပျိုးပင် စုစုပေါင်း (၅၀၀)ပင်အား စနစ်တကျ စိုက်ပျိုးခဲ့ကြသည်။ အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဋ္ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊  လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)