ရွှေကျင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးကြောင်း သိရသည်။

ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပညာပေးပြသပေးလျှက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက်ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများ အရောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်က ဇီးဖြူဆိပ်၊ ကုန်းတန်းပုတ္တ၊ နကုန်းသဇင်ကျွန်း၊ ကွေ့ချောင်းကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

မဟာအောင်မြေမြို့နယ်တွင် သင်ရိုးသစ် ဆင့်ပွားသင်တန်းတက်ရောက်နေသည့် (အ.ထ.က၊ အ.လ.က)ဆရာ၊ဆရာမများနှင့် တွေ့ဆုံ‌ပွဲအခမ်းအနားကျင်းပ

မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်တွင် သင်ရိုးသစ်ဆင့်ပွားသင်တန်းတက်ရောက်နေသည့် (အ.ထ.က၊အ.လ.က)ဆရာ၊ဆရာမများနှင့်တွေ့ဆုံ‌ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ လစဥ်ပုံမှန်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲ အချိန်မှစ၍ သရက်ချောင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိသည်။

သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်   မြန်မာ့စီးပွားရေးဘဏ်မှပင်စင်စားများအား  ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၂၃၂) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၅၂၃၂) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ထုတ်ပေး​လျက်ရှိသည်။

လှည်းကူးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to