ဟိုပုံး မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နောင်တောင်း ဗုဒ္ဓကောလိပ် ဒီပလိုမာဘွဲ့လက်မှတ်ပေးအပ်ခြင်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် တုံခမ်းပရိယတ္တိစာသင်တိုက် ပဓာန နယက၊ မြို့နယ်သံဃနယကဥက္ကဋ္ဌ ဉူးအာလောက ကဩဝါဒကထာများချီးမြှင့်တော်မူသည်။
ထို့နောက် ထီဟန်ဆွေးဆင်တွူး အရိယာမဂ္ဂင် ဝိပသာနာကျောင်း ပဓာန နယကဆရာတော်မှ ဝိပဿနာပညာရေးအကြောင်းကို မိန့်ကြားသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက မုဲင်းကောင် Institute သံဃာတော်များကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ထီဟန်ဆွေးတွူး အရိယာမဂ္ဂင် ဝိပဿနာရိပ်သာ မှတရားစခန်းဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က တောင်ကြီးမြို့ ဖရဲငွေတောင် ဝိပဿနာရိပ်သာတွင် တရားစခန်းဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က နောင်တောင်းဗုဒ္ဓကောလိပ် ဆရာဖြစ်သင်တန်း YSTP ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက နောင်တောင်းဗုဒ္ဓကောလိပ် သက်မွေးသင်တန်း NTVEC ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက နောင်တောင်း ဗုဒ္ဓကောလိပ် တစ်နှစ်အင်္ဂလိပ်စာသင်တန်း NTEC ကျောင်းသား၊ ကျောင်းသူများ၊ နောင်တောင်း ယဉ်ကျေးလိမ္မာသင်တန်း ဆင်းလက်မှတ်များကိုလည်းကောင်း နောင်တောင်းဗုဒ္ဓကောလိပ် ဒီပလိုမာဘွဲ့လက်မှတ်နှင့် ယဉ်ကျေးလိမ္မာသင်တန်း ဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ပြီး ဟိုပုံးမြို့နယ် ပအိုဝ်းတိုင်းရင်းဆရာများအဖွဲ့မှ ဇီဝိတဒါနဆေးအလှူတော်အကြိမ် (၁၀၀)ပြည့် ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့သည်။
ထို့နောက် ပအိုဝ်းအကပဒေသာများ၊ နောင်တောင်း ဂျပန် ဘာသာစကား သင်တန်းသူ/သင်တန်းသားများ အဖွဲ့မှ ဂျပန်သီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူး ချုပ်သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)