ပန်းတောင်း မေ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်(၉:၃၀)အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးကုသပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှလာရောက်အားပေးကြည့်ရှုကာ လိုအပ်သည်များကိုမှာကြား၍ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါအစရှိသောရောဂါများကို အခမဲ့စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက်နိုင်ငံဝန်ထမ်းအငြိမ်းစားများကို နံနက်(၉:၃၀)မှ(၄:၀၀)ထိ အခမဲ့ဆေးကုသပေးလျက် ဆေးကုသသူ(၅၂)ဦးခန့် ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)