သရက်ချောင်း မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃–၂၀၂၄)ဘဏ္ဌာန်နှစ်တွင် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်အေး(နည်းပညာ)၊ ထားဝယ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးထက်အောင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ၊ သံဂဟေဆက်ဆရာနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်အေး(နည်းပညာ)မှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပြည်သူများစီးပွားရေးအခွင့်အလမ်းများရရှိစေရန် များစွာပံ့ပိုးကူညီလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများအပြင် မြစိမ်းရောင်စီမံကိန်းများကို မြို့နယ်အတွင်း၌ အောင်မြင်တွင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် အဆိုပါသံဂဟေဆက်သင်တန်းမအသက်မွေးဝမ်းကျောင်းသင်တန်းမှပညာများကိုမိသားစုစားဝတ်နေရေးအတွက်များစွာအထောက်ကူပြုနိုင်မည်ဖြစ်ကြောင်းအဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြို့နယ်အတွင်း သံဂဟေဆက်သင်တန်းကိုအောင်မြင်စွာ ဖွင့်လှစ်နိုင်အောင် ကူညီ ဆောင်ရွက်ပေးသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပံ့ပိုးကူညီကြသူများ၊ သံဂဟေဆက်ပညာကို ကြိုးစားစွာသင်ယူကြသောသင်တန်းသားများကို ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းသားများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတတ်မြောက်သောပညာဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်ဖြင့်ပြောကြားခြင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကောင်းမြတ်ထက်က သင်တန်းသားများအနေဖြင့် သင်တန်းဆရာသင်ကြားမှုဖြင့် ရရှိသော ပညာဖြင့် စားပွဲများ၊ ခုတင်များ၊ ထိုင်ခုံများ စသည့်အရာဝတ္ထုများကို ပြုလုပ်နိုင်ကြောင်း၊ သင်တန်း အောင်မြင်စွာပြီးဆုံးအောင် ဆောင်ရွက်ရသည်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်အေး(နည်းပညာ)၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆရာနှင့် သင်တန်းသားများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)