မိုင်းယု မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသထွက် မိသားစုအိမ် တစ်နိုင်တစ်ပိုင် ခြံထွက်အရိပ်ရ လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်၍ ဆွတ်ခူးရောင်းချရာမှ မိသားစု အပိုဝင်ငွေရကာ အဆင်ပြေလျက်ရှိသည်။
လိုင်ချီးပင်သည် အပွင့်ပွင့်ပြီး ရက်ပေါင်း ၁၂၀ မှ ၁၄၀ အကြာတွင် အသီးသီးစတင်သီးကာ အပင်၌ပင် ရင့်မှည့်လွယ်သော အသီးမျိုးဖြစ်ပြီး မှည့်သည့်နှင့် တစ်ပြိုင်ထဲ ရံနံအလွန်မွှေးကြောင်း၊ မရင့်မှည့်သေးသည့် အသီးမှာ အစိမ်ရောင်ဖြစ်ကာ ရင့်မှည့်သည့်အသီးမှာ အနီရောင်ရဲရဲတောက်ကာ အခွံခပ်ကြမ်းကြမ်း ပုံစံဖြစ်လျက် ၎င်းအောက်တွင် အရည်ရွှမ်းပြီး အရသာရှိသည့် အဖြူရောင် အသားရှိတွေ့ရှိပြီး ယင်း အသားအောက်တွက် ညှိမည်းသည့် အစေ့ကို တွေ့ရှိရပါကြောင်း၊ တစ်နိုင်တစ်ပိုင် မိသားစုအိမ်ခြံဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် လိုင်ချီးပင်မှ အသီးများ လှိုင်လှိုင်ပေါ်၍ ဒေသခံတောင်သူများမှာ ဆွတ်ခူး၍ ထမ်းတောင်းအတွင်းထည့်ကာ ဒေသတွင်းလှည့်လည်ပြီး ယင်း လိုင်ချီးသီး ပေါ်ဦးပေါ်ဖျားတွင် အချဉ်သီး အလုံး(၂၀)ကျော်ပါ တစ်စီးလျင် ငွေကျပ် ၁၀၀၀ နှုန်းဖြစ်ပြီး လှိုင်လှိုင်ပေါ်ချိန်တွင် တစ်စီးလျင် ကျပ် ၅၀၀ ရရှိပါကြောင်းနှင့် အချိုသီးဖြစ်လျင် တစ်ကီလိုလျင် ကျပ် ၂၀၀၀မှ ၃၀၀၀ ထိရရှိပါကြောင်း လိုင်ချီး စိုက်တောင်သူက ပြောသည်။
မိုင်းယုဒေသတွင် ဒေသခံတောင်သူများက မိမိတို့၏ မိသားစုခြံဝင်းအတွင်း အရိပ်ရနှစ်ရှည် သီးပင်စားပင် ပင်ကြီးမျိုးများဖြစ်ကြသည့် နှင်းသီး(ခ) ကြောင်မျက်လုံးသီးပင်များ၊ လိုင်ချီးပင်၊ သရက်ပင်၊ ပိန္နဲပင်၊ ညောင်ချဉ်ပင်၊ အုန်းပင်၊ ထောပတ်ပင်နှင့် မန်ကျည်းပင်တို့ကို အနည်းစီစိုက်ပျိုးထားလျက်ရှိပြီး ရာသီအလိုက် သီးမှည့်ကြသည့် အသီးအနှံတို့ကို တစ်ပိုင်တစ်နိုင် ထမ်းတောင်းတွင်းထည့်ကာထမ်း၍ ဒေသတွင်း လှည်လည်ရောင်းချကာ အပိုဝင်ငွေရှာသည့်မှာ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက် မိရိုးဖလာအမူအကျင့် တစ်ခုပင်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်