ဟင်္သာတမြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လူငယ်ခေါင်းဆောင် မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သဘာဝဘေး အန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လူငယ်ခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးမှ Video Conferencing စနစ်ဖြင့် သင်တန်းဖွင့်ပွဲ အမှာ စကား ပြောကြားခဲ့ပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ရခြင်းသည် သဘာဝဘေးအန္တရာယ်နှင့် မလွှဲမရှောင်ရင်ဆိုင် တွေ့ကြုံရပါက ထိခိုက်ဆုံးရှုံးမှုနည်းစေရေး၊ ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးအတွက် ရည်ရွယ်ပါ ကြောင်း၊ ကြိုတင်ကာကွယ်ရေး၊ ရင်ဆိုင်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လူငယ်များ၏ အခန်းကဏ္ဍလည်းအရေးပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက်တက်ရောက်ကြသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်မိပါ ကြောင်း စသည်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများနှင့် သင်တန်းသားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးနှင့် စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)