စမ်းချောင်းမြို့နယ်အတွင်း လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သစ်ပင်လဲပြိုမှုများအား ရှင်းလင်းဆောင်ရွက်

စမ်းချောင်း မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀ ရက်နေ့ညနေ ၅ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းများတိုက်ခတ်မှုကြောင့် ဝေဠုဝန်(တောင်)၊ ဝေဠုဝန်မြောက်၊ အောင်ချမ်းသာ၊ မုန့်လက်ဆောင်းကုန်း(တောင်)၊ ကျွန်းတော(မြောက်)၊ လင်းလွန်း(တောင်)၊ မြေနီကုန်းတောင်နှင့် သီရိခေမာရပ်ကွက်များတွင် သစ်ပင်များ နေအိမ်အဆောက်အဦနှင့် လျှပ်စစ်မီးကြိုးများပေါ်သို့ လဲကျခြင်းကြောင့် နေအိမ်အဆောက်အဦနှင့် လျှပ်စစ်မီးတိုင်များကျိုးကျပျက်စီးခဲ့ရသည်။

ထိုသို့လဲကျခဲ့သောသစ်ပင်များအား စမ်းချောင်းမြို့နယ်ရှိ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လျှပ်စစ်ဝန်ထမ်းများက သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ လဲကျသွား‌သော ဓါတ်မီးတိုင်များအား အသစ်လဲလှယ်ခြင်း၊ လမ်းများ‌ပေါ်ရှိအမှိုက်များရှင်းလင်းခြင်းများ‌ ဆက်လက်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးလင်း(ဦးစီးအရာရှိ)