ဘိုကလေးမြို့နယ်တွင် ဓာတုကင်းလွတ်သည့် ဩဂဲနစ်ဟင်းသီးဟင်းရွက်များ ရောင်းချ

တောင်သူများအား စိုက်ပျိုးရေးနည်းလမ်းကောင်းများ မျှဝေကူညီပေးလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်မှ ဂရတ်(GRET)ရုံးရှေ့တွင် ယနေ့ နံနက်(၈)နာရီမှ စတင်၍ သဘာဝနည်းဖြင့် စိုက်ပျိုးထားသော ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်း သင့်တင့်စွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈:၃၀) နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၊ ကြည်စုကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခြင်းနှင့် အလှူငွေများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဓမ္မာရုံပြန်လည်ပြုပြင်ရန် အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက လှည်းဆိပ်ချောင်းကြီးကျေးရွာ အုပ်စု၊ ကြည်စုကျေးရွာ ဘုန်းတော်ကြီး​ကျောင်းတွင် ကျင်းပခဲ့သည်။

ရသေ့တောင်မြို့၌ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအား စနစ်တကျသိမ်းဆည်းဆောင်ရွက်လျှက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့်မြို့ပေါ်တွင်လည်း အပျက်အစီးများခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များမှ လမ်းအလိုက် သစ်ပင်သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ကျန်ရှိခဲ့သည့်အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်းဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှအမှိုက်များအား စနစ်တကျကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက တောင်ရင်းတန်းရပ်ကွက်ရှိ ဦးဥတ္တမလမ်းတွင် သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။

မအူပင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၉)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ-လမ်းသစ်ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် Abate ဆေးခပ်ခြင်းနှင့် ပညာ‌ပေးလက်ကမ်းစာ‌စောင်များဖြန့်‌ဝေခြင်းလုပ်ငန်းများအား ယ‌နေ့နံနက်(၇)နာရီအချိန်မှ စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ပိုးလောက်လမ်းများ ပေါက်ဖွားမှု မရှိစေရေး အတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာ‌ပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းအချိန်က မိုင်းငေါ့မြို့ အမှတ်(၃) တာလုံရပ်ကွက်တွင် လိုက်လံဆောင်ရွက်ပေးခဲ့သည်။

တမူးမြို့တွင် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအား ယဥ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက်(၈) နာရီအချိန်က မြို့မ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ လည်ပတ်သုံးစွဲခြင်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများအကြောင်း ရှင်းလင်းဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေများထူထောင်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိရာ မေ(၂၂)ရက် နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်မည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေ လည်ပတ်သုံးစွဲခြင်း ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများအကြောင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၌ အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင်နှင့် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ကြီးမှူး၍ ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာသော ကလေးများဖြစ်လာစေရေး နှင့် သာမန်ဗုဒ္ဓဘာသာမှ ပညာဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် ဖြစ်လာစေရန် တို့အတွက် ရည်ရွယ်ပြီး အခြေခံယဥ်ကျေးလိမ္မာသင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပသည်။
Subscribe to