ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုန၌ ကျောင်းသားလူငယ်များ  ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်

ပိုင်ကျုံ  မေ    ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား နွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရေးနှင့်   ကာယဉာဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယနေ့နံနက်ပိုင်းက ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက် လေ့လာကြသည့် ကျောင်းသား လူငယ်များအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲတို့  ဆောင်ရွက် ပေးခဲ့သည်

ပြိုင်ပွဲများ ဆေင်ရွက်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေပြီး တစ်ဦးနှင့်တစ်ဦးကောင်းယှဉ်ပြိုင်မှုဖြင့် ပါဝင်ယှဉ်ပြိုင်တတ်လာစေကြောင်း လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အာဟာ ရမုန့်များ ကျွေးမွေးဧည့်ခံပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း၊ ပြိုင်ပွဲများကို အပတ်စဉ်‌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  

နော်ခူး(ပြန်/ဆက်)