မိုင်းလုံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်း၌ အပ်နှံလက်ခံခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်( ကျောင်းအပ်နှံရေး သီတင်းပတ်)အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်စေရန် ကျောင်းအပ်နှံ၊ လက်ခံခြင်းကို မေလ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်ခန့်က အခြေခံပညာ အထက်တန်း‌ကျောင်းတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် "ကျောင်းနေ အရွယ်ကလေးများအားလုံးပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စိန်ရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှစတင်ကာ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံလျက်ရှိသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်း ပတ်ဖြင့် စတင်ကျောင်းအပ်လက်ခံ

"ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် ကျောင်းအပ်လက်ခံနိုင်ရေးကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ စတင်ကျောင်းအပ် လက်ခံလျက်ရှိသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်း၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ၌ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်မရော၌ ကျောင်းစတင် လက်ခံသည့်နေ့၌  ကျောင်းအပ်နှံသူ မိဘများ၊ ကျောင်းသား၊ ကျောင်းသူ များဖြင့်စည်ကား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ ကျောင်းအပ်နှံမှု စတင်လက်ခံသည့်နေ့၌ပင် ကျောင်းလာရောက်အပ်နှံသူ မိဘများကျောင်းသား ကျောင်းသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

လဲချားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းစတင်အပ်နှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ KG မှ Grade-11 အထိ အတန်းများ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ လက်ခံနေပြီဖြစ်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ကျောင်းအပ်စတင်လက်ခံ

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်ဆုံးအပ်နှံစို့” ဟူသည့် ပညာရေးဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံလျက်ရှိသည်။

နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ စိုက်ပျိုးချိန် အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန်နှင့် လိုအပ်သော စိုက်ပျိုးစရိတ် သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၈)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိပြီး ယနေ့နံနက် (၁၀)ခွဲအချိန်က ကျောက်ပုံကျေးရွာအုပ်စုရှိ တောင်သူဦးကြီးများသို့ ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာဦးမောင်မောင်(မင်းဏီလူ)တို့ ပူးပေါင်းကျင်းပသော မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲကို မေလ(၂၂)ရက်နေ့က မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to