ကျိုက်မရော၌ ကျောင်းစတင် လက်ခံသည့်နေ့၌  ကျောင်းအပ်နှံသူ မိဘများ၊ ကျောင်းသား၊ ကျောင်းသူ များဖြင့်စည်ကား

ကျိုက်မရော မေ ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ ကျောင်းအပ်နှံမှု စတင်လက်ခံသည့်နေ့၌ပင် ကျောင်းလာရောက်အပ်နှံသူ မိဘများကျောင်းသား ကျောင်းသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းသီတင်း ပတ်အနေဖြင့် မေ၂၃ ရက်မှမေ၃၁ ရက် နေ့အထိ  နေ့စဥ် ပိတ်ရက်မရှိ နံနက်၉နာရီမှ ညနေ ၃နာရီအထိ  သက်ဆိုင်ရာ ကျောင်းများရှိ ဆရာ၊ဆရာမ များက စနစ်တကျ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ရာ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်း အမြန် အပ်နှံစို့ “ ဆောင်ပုဒ် နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာတတ်မြောက် ရေးအတွက် မိဘအုပ်ထိန်းသူများက ကျောင်းသို့  လာရောက်အပ်နှံနေလျက်ရှိသည်ကို တွေ့ရပြီး ယနေ့ကျောင်းစတင် အပ်နှံသည့် အခြေခံပညာ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်း သူများအား ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို  အခမဲ့ ပေးဝေသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး  ဒေါ်စုစုဌေးထံမှ သိရသည်။

ချိုမြတ် မြတ်ထွေး(ပြန်/ဆက်)