Grade 9 သင်ရိုးသစ် ဆင့်ပွားသင်တန်း တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးအဆင့် Grade 9 သင်ရိုးသစ် ဆင့်ပွားသင်တန်း တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။