ငပုတောမြို့နယ်၌ ၂၀၂၃- ၂၀၂၄ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း ယနေ့နံနက် (၈)နာရီအချိန်မှ စတင်ပြီး ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံသူ များပြားလျက်ရှိကြောင်း သိရသည်။