သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်း ပတ်ဖြင့် စတင်ကျောင်းအပ်လက်ခံ

သရက်ချောင်း မေ ၂၃

"ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် ကျောင်းအပ်လက်ခံနိုင်ရေးကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ စတင်ကျောင်းအပ် လက်ခံလျက်ရှိသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် မေလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းမွှေး ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများ၏ ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းအပ်နှံရေးလုပ်ငန်းတွေကို လက်ခံဆောင်ရွက်မည်ဖြစ်ရာ ကျောင်းအပ်နှံသည့်အခါ ကျောင်းသား/သူမိဘများထံမှ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိသည့်အပြင် ကျောင်းသား/သူများအခက်အခဲမရှိ ပညာသင်ကြား နိုင်ရေး ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည့်ကျောင်းသုံးပစ္စည်းများကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်