မဟာအောင်မြေ မေ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာဦးမောင်မောင်(မင်းဏီလူ)တို့ ပူးပေါင်းကျင်းပသော မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲကို မေလ(၂၂)ရက်နေ့က မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က မသန်စွမ်းသူများနှင့် ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးမေးမြန်းရာ စာရေးဆရာဦးမောင်မောင်(မင်းဏီလူ)က မသန်စွမ်းဆိုတာ ကိုယ်လက်အင်္ဂါ ချို့ယွင်းတာ၊ မွေးရာပါခြေလက်အင်္ဂါမစုံတာ၊ တစ်ချို့ဆိုဆွံ့အနားမကြားဖြစ်တာမျိုး၊ တချို့ငယ်စဉ်ကတည်းက မျက်စိကွယ်တာမျိုးကို ကာယမစွမ်းလို့ခေါ်ပြီး မိမိမှာရှိသင့်ရှိထိုက်တဲ့ ဉာဏ်ရည်မပြည့်တာကို ဉာဏမသန်းစွမ်းလို့ခေါ်ဆိုကြောင်း၊ မသန်စွမ်းတွေကို မပြစ်ပယ်သင့်ကြောင်း၊ ခန္ဓာကိုယ်မသန်းစွမ်းပေမဲ့ ဉာဏ်ရည်သန်စွမ်းတဲ့သူတွေရှိကြောင်း၊ မသန်စွမ်းတဲ့သူတွေကို လူအသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိနေနိုင်ဖို့အတွက် အခွင့်အရေးတွေ၊လွတ်လပ်ခွင့်တွေကို တရားမျှတစွာရရှိရန်လိုအပ်ကြောင်း စသည်များ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
အောင်ဇော်မင်း