မုဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

မုဒုံ မေ ၂၃

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှစတင်ကာ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံလျက်ရှိသည်။

မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း(၈၆) ကျောင်း၊ အလယ်တန်း (၂)ကျောင်း၊ အထက်တန်း (၁၄)ကျောင်း စုစုပေါင်း စာသင်ကျောင်း (၁၀၂)ကျောင်းတွင်  ၅ နှစ် အရွယ် ကလေးများကို သူငယ်တန်း (KG) ၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade – 1)မှ ဒသမတန်း ( Grade – 10)သင်ရိုးသစ်အထိကို  ကျောင်းအပ်နှံရေး သီ တင်းပတ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့အပြင် ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ကျောင်းသားမိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် အခြားသောအခကြေးငွေများကို လုံးဝကောက်ခံခြင်းမရှိကြောင်းနှင့် သူငယ်တန်းမှ ပဥ္စမတန်းသင်ရိုးသစ်အထိ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံတစ်စုံကိုလည်းကောင်း၊ ဆဋ္ဌမတန်းသင်ရိုးသစ်မှဒသမတန်းသင်ရိုးသစ်အထိကို စာအုပ်၊ ဘောပင်၊ ခဲတံတို့အား အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)