နတ်မောက် မေ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ စိုက်ပျိုးချိန် အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန်နှင့် လိုအပ်သော စိုက်ပျိုးစရိတ် သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၈)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိပြီး ယနေ့နံနက် (၁၀)ခွဲအချိန် က ကျောက်ပုံကျေးရွာအုပ်စုရှိ တောင်သူဦးကြီးများသို့ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာတွင် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေ(၁)ဧကလျှင် ကျပ် (၁၅၀၀၀၀)နှုန်းဖြင့်လည်းကောင်း၊ ယာသီးနှံ (၁)ဧကလျှင် ကျပ် (၁၀၀၀၀၀)နှုန်းဖြင့် လည်းကောင်း (၁)ဧကမှ (၁၀)ဧကအထိ အများဆုံးထုတ်ချေးပေးလျက်ရှိရာ ကျောက်ပုံကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးရေး တောင်သူ (၁၄၅)ဦးထံသို့ ငွေကျပ် (၈၄၅၀၀၀၀၀)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှဝင်း