မုံးကိုးမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက  စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မုံးကိုးမြို့အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စတင်လက်ခံ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား/သူများကို ယနေ့ နံနက် (၈) နာရီ အချိန်မှစတင်ကာ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၈ နာရီတွင် ကျောင်းအပ်စတင်လက်ခံရာ မူလတန်း(၂၅၃၂)ဦး၊ အလယ်တန်း(၆၈၃)ဦးနှင့် အထက်တန်း(၃၃၆)ဦး စုစုပေါင်း (၃၅၅၁)ဦး ကျောင်းအပ်နှံကြကြောင်း သိရသည်။

ငပုတောမြို့၌  ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ငပုတောမြို့ တောင်ပိုင်းရပ်ကွက် သိမ်တော်ကြီးလမ်းရှိ ​မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ပညာရေးမှူး ဒေါ်ကျင်အေးနှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။            

မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကျောင်းအပ်နှံလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ယူခွင့်ရရှိစေရန် မေ၂၃ရက်နေ့မှ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေးအဖြစ် သတ်မှတ်ထားရာ ယနေ့နံနက်ပိုင်းတွင်အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများက ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌  ၂၀၂၃-၂၀၂‌၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်စတင်လက်ခံ

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား  ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းက စတင်လက်ခံ ဆောင်ရွက်ကြောင်း သိရသည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီဝင်တို့က မုန်တိုင်းဒဏ်ခံကျောင်းများ ပြန်လည်သန့်ရှင်းပြီးစီးမှုနှင့် ကျောင်းဖွင့်ရာသီ ကျောင်းသားများ ကျောင်းအပ်လက်ခံမှုတို့အား သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီဝင်တို့က ယနေ့နံနက် (၉)နာရီအချိန်တွင် မုန်တိုင်းဒဏ်ခံ ကျောင်းဖြစ်သည့် အထက(သဲတန်း)၌ “ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေး” စုပေါင်းဆောင်ရွက်နေမှုနှင့် အထက(မြေပုံ)၌ ကျောင်းအပ်လက်ခံနေမှုတို့ကို သွားရောက်ကြည့်ရှုသည်။

ခန္တီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ လက်ခံခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်မှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

မိုင်းခတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးစတင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆောင်ပုဒ်အတိုင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မိုင်းခတ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်ရှိ အ‌ခြေခံပညာ‌ကျောင်းများ၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ် စတင်လက်ခံပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်လက်ခံပေးနေပြီဖြစ်ကြောင်း သိရသည်။
Subscribe to