မိုင်းလုံ မေ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်( ကျောင်းအပ်နှံရေး သီတင်းပတ်)အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်စေရန် ကျောင်းအပ်နှံ၊ လက်ခံခြင်းကို မေလ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်ခန့်က အခြေခံပညာ အထက်တန်းကျောင်းတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မိုင်းလုံမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနိုင်စေရေးအတွက် ကျောင်းအပ်နှံ လက်ခံခြင်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း Grade-1 မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများကို အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်ထံမှ သိရသည်။
ဇော်ဇော်(ပြန်/ဆက်)