မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး မေ ၂၃

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်း၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ၌ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းနှင့် လစဉ်စာဖတ်ဝိုင်းများ၊ စာအုပ်မိတ်ဆက်ပွဲများ၊ လူငယ်များအတွက် အခြေခံစာပေ ရေးသားနည်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ရှေ့ဆက်ပြီး စာပေရေးရာဆွေးနွေးပွဲများ၊ စာပေအသိပညာပေးမှုမျာ၊ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် အသင်းဦးရေတိုးပွားရေးကို ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် စာရေးဆရာစောနန်းမြေအောင်က လူငယ်များအတွက် စာပေသင်တန်းများ၊ စာပေဆိုင်ရာပြိုင်ပွဲများအပြင် အခြေခံ ဗီဒီယိုရိုက်ကူးနည်း၊ ဓါတ်ပုံရိုက်ကူးနည်း၊ တေးဂီတအနုပညာတီးခတ်နည်းများ ထည့်သွင်းဆောင်ရွက်ပေးသင့်ပါကြောင်း၊ ဆရာ မင်းမြတ်မိုး (မန်းမြေ)က သင်တန်းများဖွင့်လှစ်ကာမှ နည်းပြများကို ဖိတ်ခေါ်ခြင်းမပြုပဲ Club အသင်းများဖွဲ့စည်ကပင် ထည့်သွင်းဖွဲ့ထားသင့်ပါကြောင်း၊ ဆရာထွန်းသစ်လူက လူငယ်များကို စာပေ၊အနုပညာသာမက ၎င်းတို့စိတ်ပါဝင်စားသော ပြိုင်ပွဲများ၊ ပြပွဲများ ထည့်သွင်းဆောင်ရွက် ပေးသင့်ပါကြောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အသီးသီးအကြံပြု ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)