မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် လေကြောင်းနှင့်အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲ အခမ်းအနားနှင့် ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင် ရုပ်တု လွှဲပြောင်းလက်ခံပွဲ အခမ်းအနား ကျင်းပ
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်း ဖွင့်ပွဲ အခမ်းအနားနှင့် ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တု လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က အဆိုပါ တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။