လဲချားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းစတင်အပ်နှံ

လဲချား မေ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ KG မှ Grade-11 အထိ အတန်းများ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ လက်ခံနေပြီဖြစ်သည်။

အဆိုပါ ကျောင်းအပ်နှံခြင်းကို လဲချားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံကျောင်းနှံအပ်ရာ၌ အိမ်ထောင်စုဇယားမိတ္တူ၊ မိဘအုပ်ထိန်းသူ၏ မှတ်ပုံတင်မိတ္တူ၊ ကျောင်းသားမှတ်ပုံတင်မိတ္တူ၊ KG ကလေးများ ကျောင်းအပ်လာပါက မွေးစာရင်းမိတ္တူပါ ယူ​ဆောင်လာရန်၊ ကျောင်းအပ်လာသူများမှ ကျောင်းဝတ်စုံဝတ်ဆင်လာရန်၊ ကျောင်းသားများ ဆံပင်တိုတိုညှပ်ရန်၊ ကျောင်းသားမိဘအုပ်ထိန်းသူများကိုယ်တိုင် လာရောက်အပ်နှံရန်နှင့် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို လဲချားမြို့နယ်မှ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ လာရောက်အပ်နှံကြပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများမှ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

လဲချား(မြို့နယ်ပြန်/ဆက်)