ကြံခင်း မေ ၂၆
သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် သစ်တောစိုက်ခင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ သဘာဝသစ်တောတိုးမြှင့်စိုက်ပျိုးနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ မျှတသောရာသီဥတုရရှိစေရန်နှင့် အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး လူထုဖြန့်ပျိုးဥယျာဉ်ဘိနယ် (၇) ခုတွင် ပျိုးပင်ပေါင်း (၁၂၀၀၀၀) ပျိုးထောင်ထားရှိကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်သစ်တောဦးစီးအရာရှိဦးမျိုးမင်းထွန်းထံက သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ လူထုဖြန့်ပျိုးဥယျာဉ်ဘိနယ် (၇) ခုဖြစ်သော မြို့မဘိနယ်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၁၆၀၀၀) ပင်၊ သစ်ဆိမ့်ကိုင်းဘိနယ်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၂၁၀၀၀)ပင်၊ ကံဆယ်ဘိနယ်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၁၉၅၀၀) ပင်၊ ကြို့ပင်စုဘိနယ်ပျိုးဥယျာဉ်တွင် (၂၃၀၀၀) ပင်၊ ပိုးစုကြီးဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၁၈၀၀၀) ပင်နှင့် ဆိပ်သာဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၇၅၀၀) ပင်၊ ဘက်ရဲဘိနယ်ပျိုးဥယျာဉ်တွင်ပျိုးပင်ပေါင်း (၁၅၀၀၀) ပင် ပျိုး ထောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ဘိနယ်များတွင်ပျိုးထောင်ထားရှိသော ပျိုးပင်များမှာ ကျွန်း (၅၀၀၀၀)၊ မန်ဂျန်ရှား (၂၀၀၀၀)၊ ပျဉ်းကတိုး(၁၅၀၀၀)၊ ယူကလစ်(၁၀၀၀၀)၊ ကံ့ကော်(၃၀၀၀)၊ ခရေ(၃၀၀၀)၊ ပိတောက်(၄၀၀၀)၊ စွယ်တော်(၃၀၀၀)၊ နွယ်သာကီ(၃၀၀၀)၊ စက္ကူပန်း(၃၀၀၀)၊ ပျဉ်းမ(၃၀၀၀)၊ စိန်ပန်းလေး (၃၀၀၀) စုစုပေါင်း (၁၂၀၀၀၀) ပျိုးထောင်ထားရှိပြီး၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ၊ ကျောင်းများတွင် စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနမှ (အခမဲ့) ထုတ်ပေးလျှက်ရှိပြီး၊ ဇွန်လ(၁)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများလက်ဝယ်အရောက် (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)