သာယာဝတီမြို့တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

သာယာဝတီ မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက  အ.ထ.က(၁)သာယာဝတီပညာ့အားမာန်ခန်းမ၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့" ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဥာဏ၊ ခရိုင်ပညာရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်နှင့်ဌာနဆိုင်ရာများ၊ ထက်လယ်မူကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဝင်းနှင့် ခရိုင်ပညာရေးမှူးဦးဇော်ဝင်းတို့က အဖွင့်အမှာစကား ပြောကြားပေးသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အထက်တန်းအဆင့်/ အလယ်တန်းအဆင့်/ မူလတန်းအဆင့် ကျောင်းသား/သူများအား ကျောင်းနေရန် အခက်အခဲမရှိစေရန် နိုင်ငံတော်အဆင့်မှ ကူညီပံ့ပိုးသည့် ပုံနှိပ်စာအုပ်/ ဗလာစာအုပ်/ မှင်တံ/ ခဲတံများနှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံ (အခမဲ့)ပေးအပ်ပေးကြကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် မေလ ၂၃ ရက်နေ့နံနက်ပိုင်းမှစ၍ ကျောင်းနှံလက်ခံလျက်ရှိရာ အထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၁၅)ကျောင်း၊ အလယ်တန်းကျောင်း(၁၃)ကျောင်း၊ အ.လ.ကခွဲ(၆)ကျောင်းနှင့် မူလတန်းလွန်(၂၁)ကျောင်း၊ အမက(၁၂၅)ကျောင်း၊ အ.မ.ကခွဲ(၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း စုစုပေါင်း (၁၉၂)ကျောင်းတို့တွင် (၅)နှစ်အရွယ် (KG)အတန်းမှ ဒွါဒဿမတန်း(Grade-12) သင်ရိုးသစ်အထိ ကျောင်းသူ/သားများအား ကျောင်းအပ်နှံမှု ဆက်လက်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်ဆက်)