ငါးသိုင်းချောင်းမြို့၌ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေး ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးထည့်ခြင်းလုပ်ငန်းများဆောင်ရွက်

ငါးသိုင်းချောင်းမြို့ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးထည့်ခြင်းတို့ကို ယမန်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ငဝန်ရပ်ကွက်၊ ရှမ်းတန်းလမ်းတွင် မြို့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက်၊ရှမ်းတန်းလမ်းရှိ အိမ်များတွင်စနစ်တကျစစ်ဆေးပြီး ရေသိုလှောင်ကန်များ၊ စည်ပိုင်းများအား အဘိတ်ဆေးထည့်ခြင်း၊ စဥ့်အိုးများအား ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ခြင်ခိုအောင်းနိုင်မည့်နေရာများ မရှိအောင်ဆောင်ရွက်ခြင်း တို့ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ကျော်ကျော်

ငါးသိုင်းချောင်း (ပြန်/ဆက်)