ပုလောမြို့နယ်တွင် သုတ/ရသ စာအုပ်စာစောင်များ မိုဘိုင်းစနစ်ဖြင့် ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများထံအရောက် မိုဘိုင်းစနစ်ဖြင့် သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

မြင်းမူမြို့နယ်တွင်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ(၂၅)ရက်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကံသာအေးကျေးရွာတွင် မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပခဲ့ကြောင်း သိရှိရသည်။

ကျောက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာပေငှားရမ်းသူများဖြင့် စည်ကား

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ရုံးဖွင့်ချိန်မှစတင်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေငှားရမ်းသူများဖြင့် စည်ကားလျက်ရှိသည်။

ရွာငံမြို့နယ်သစ်တောဦးစီးဌာနပျိုးဥယျာဉ်၌ပျိုးပင်(၁၄၀၀၀)ပျိုးထောင်ထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီတွင် လူထုဖြန့်ဝေရန် ပျိုးပင်ပေါင်း (၁၄၀၀၀) ကို မြို့နယ်ရုံးပျိုးဥယျာဉ်၌ ပျိုးထောင်ထားရှိကြောင်း သိရသည်။

ပဲခူးမြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးမည့် ပျိုးပင်ပေါင်း ၁၅၀၀၀၀ ပျိုးထောင်ထားရှိ

ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးမည့်ပျိုးပင်ပေါင်း(၁၅၀၀၀၀)အား ပဲခူးမြို့နယ်အတွင်းရှိ သစ်တောဦးစီးဌာနပျိုးဥယျာဉ်ခြံများတွင် စနစ်တကျပြုစုပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် မိုးဦးကျကာလသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးဦးကျကာလသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမန်‌နေ့က အမှတ်(၁၁)ရပ်ကွက်အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်းနှင့် TEACHER THUZAR ကိုယ်ပိုင်ကျောင်းတို့တွင် အဘိတ်(abate)ဆေးခပ်​​ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

နမ့်ခမ်းမြို့၊ အောင်ချမ်းသာရပ်ကွက်အတွင်း စာဖတ်ရှိန်မြှင့်င်နိုင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရပ်ကွက်များအတွင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း၍ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်‌၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တောဝင်သဇင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုများ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများကြည့်ရှုအားပေး

နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး   ရက်သတ္တပတ်အဖြစ်  မေ ၂၃ ရက်မှ   စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ  သာစည်မြို့အမှတ်(၁)နှင့်  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား/သူများ ကျောင်းအပ်နှံမှုများကို ယမန်နေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မယ်စဲ့မြို့နယ် စိတ်ဓာတ်ကျရင် ဖတ်ကြည့်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးများအသင်း (Women Club) တို့ပူးပေါင်း၍ စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် စိတ်ဓာတ်ကျရင် ဖတ်ကြည့်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
Subscribe to