လိပ်သိုဒေသထွက် သဘာဝနနွင်းမှုန့်စစ်စစ်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိပြည်သူများမှာ တောင်ယာလုပ်ငန်း၊ ဉယျာဉ်ခြံလုပ်ငန်းတို့ဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြရာ နှစ်တိုသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းသည်လည်း အပါအဝင်ဖြစ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၂၀)မူလတန်းကျောင်းတွင် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ်(၂၀) မူလတန်းကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းများနှင့်​တွေ့ဆုံ​ဆွေး​နွေးပွဲအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းများနှင့်​တွေ့ဆုံပွဲ အစည်းအဝေးကို ယမန်​နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ ၂၀၂၃ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေပေါင်း (၂၀၂၃.၅၀) သိန်း ထုတ်ချေး ပြီးဖြစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မေလ(၁၈)ရက် နေ့က စတင်ထုတ်ချေးပေးခဲ့ရာ မေလ(၂၆)ရက်နေ့အထိ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေပေါင်း (၂၀၂၃.၅၀) သိန်းထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲကို ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၂)ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

လှိုင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်း​​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် ရပ်ကွက်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးတွင် ပြည်သူများပလတ်စတစ် ညစ်ညမ်းမှုဆိုးကျိုးများအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများ ပလတ်စတစ်ညစ်ညမ်းမှုဆိုးကျိုးများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိန်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် နံနက်(၉)နာရီခွဲက အေးမြကြည်လင်ဈေးနှင့်၊ မြို့မဈေးတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဂါလန်၂၀၀ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၇၀) လုံး အိမ်တိုင်ရာရောက် ပြုလုပ်ဖြန့်ဝေပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) ၊ (CSR) ၏ အစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက်သည့် မင်းလွင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဂါလန် ၂၀၀ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၇၀) လုံးကို အိမ်တိုင်ရာရောက်ပြုလုပ်ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
Subscribe to