နမ့်ခမ်းမြို့၊ အောင်ချမ်းသာရပ်ကွက်အတွင်း စာဖတ်ရှိန်မြှင့်င်နိုင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

နမ့်ခမ်း မေ ၂၆

စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရပ်ကွက်များအတွင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း၍ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရေးအတွက် နယ်လှည့်စာကြည့်တိုက်ကို ဌာနဆိုင်ရာများ နှင့် ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အခမဲ့ငှားရမ်းပေးခြင်းကို ဆောင်ရွက်လျှက်ရှိပြီး အပတ် စဉ် သောကြာနေ့တိုင်း သွားရောက်ငှားရမ်းပေးခြင်း၊ ငှားရမ်းထားရှိသော  စာအုပ်များကိုပြန်လည် သိမ်းဆည်းခြင်းများကို ဆောင်ရွက်ပေးသွားမည်ကြောင်းနှင့်  မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် လည်း မည်သူမဆို အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းကိုလည်း သိရသည်။

နမ့်ခမ်းမြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ကျောင်းသားလူငယ်များ စာပေနှင့် အဆက်မပြတ်စေရန်၊ လွယ်လင့် တကူဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ် များကို စာဖတ်ပရိသတ်များရှိရာသို့ လက်ဝယ်အရောက် ငှားရမ်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်အတွင်းမှ ဒေသခံပြည်သူ ဒေါ်လွေးအီခမ်းက မိမိဖတ်ရှုလိုသည့် စာအုပ်များကို ယခုလို အိမ်တိုင်ရာရောက်လိုက်လံငှားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့အိမ်သားများ စာအုပ်စာပေများဖတ်ရှုပြီး ရရှိလာသည့် အသိပညာများကြောင့် ကလေးငယ်များ ပိုလိုလိမ်မာယဉ် ကျေးမှုရှိလာကြကြောင်း ပြောကြားလာသည်ကိုလည်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)