မြင်းမူမြို့နယ်တွင်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မြင်းမူ မေလ‌ ၂၆ ရက်

၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ(၂၅)ရက်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကံသာအေးကျေးရွာတွင် မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပခဲ့ကြောင်း သိရှိရသည်။

သစ်ပင်များစိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အပင်ရှင်သန်မှု ပိုမိုကောင်းမွန်ရန်အတွက် အပင်အမြင့်(၂)ပေအထက်ရှိသည့် မဟော်ဂနီအပင်(၁၀၀)၊ ယင်းမာပင်(၁၀၀)နှင့် စိန်ပန်းပင် (၁၀၀)တို့အား စုပေါင်းစိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူထံမှသိရှိရသည်။

မြင်းမူမြို့သစ်တောဦးစီးဌာန မြို့မသစ်တောပျိုးဥယာဉ်တွင် ယခုနှစ်မိုးရာသီတွင်ဒေသခံ ပြည်သူများထံ အခမဲ့ဖြန်ဝေပေးရန်အတွက် မယ်ဇလီ(၂၀၀၀၀)၊ မယ်ဇယ်(၇၀၀၀)၊ ကျွန်း(၃၀၀၀)၊ ယူကလစ်(၁၀၀၀၀)၊ ပိတောက်(၅၀၀၀)၊ ရှားပင်(၃၀၀၀)၊ ထနောင်း(၅၀၀)နှင့် မန်ကျီးပင်(၅၀၀)တို့အား ပျိုးထောင်ထားရှိခဲ့ပြီး ပြည်သူများအနေဖြင့်     အခမဲ့လာရောက် ထုတ်ယူစိုက်ပျိုးနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)