ပုလောမြို့နယ်တွင် သုတ/ရသ စာအုပ်စာစောင်များ မိုဘိုင်းစနစ်ဖြင့် ငှားရမ်းပေး

ပုလော      မေလ   ၂၆

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများထံအရောက် မိုဘိုင်းစနစ်ဖြင့် သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင် သားသား/မီးမီးအကြိုက် သုတ/ရသစာအုပ် မျိုးစုံစွာ ဖြင့် ပုလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  စာဖတ်ရှိန် တိုးတက်လာစေရေး နယ်လှည့်ကွင်းဆင်းကာ အပတ်စဉ်ငှားရမ်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)