သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုများ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများကြည့်ရှုအားပေး

သာစည်   မေ   ၂၆

နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး   ရက်သတ္တပတ်အဖြစ်  မေ ၂၃ ရက်မှ   စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ  သာစည်မြို့အမှတ်(၁)နှင့်  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား/သူများ ကျောင်းအပ်နှံမှုများကို ယမန်နေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ   ပညာကိုကြိုးစားသင်ယူကြရေး   တိုက်တွန်းအားပေးစကားများ ပြောကြားသည်။  

ကျောင်းအပ်နှံမှုကို လှည့်လည်ကြည့်ရှုရာတွင်   မြို့နယ်ပညာရေးမှူးဦးလှထွန်းနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက  ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ အဆင်ပြေစေရန်အတွက် ဆောင်ရွက်ထားမှုများနှင့် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသော စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့်ကျောင်းဝတ်စုံများကို တပါတည်းထုတ်ပေးနေမှုများကို လိုက်လံရှင်းလင်းပြသပေးခဲ့ကြသည်။

သာစည်မြို့နယ်တွင်  အခြေခံပညာကျောင်း (၂၁၂) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတို့ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)