ရွာငံ မေ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီတွင် လူထုဖြန့်ဝေရန် ပျိုးပင်ပေါင်း (၁၄၀၀၀) ကို မြို့နယ်ရုံးပျိုးဥယျာဉ်၌ ပျိုးထောင်ထားရှိကြောင်း သိရသည်။
ယင်းသို့ ပျိုးထောင်ထားခြင်းမှာ သစ်တောဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် (လူသားအားလုံး ကျန်းမာဖို့ သစ်တောများကိုထိန်းသိမ်းစို့) ဆောင်ပုဒ်နှင့်အညီ မိုးရာသီတွင် ရပ်ကွက်၊ကျေးရွာများရှိ လူထုများစိုက် ပျိုးနိုင်ရန်အတွက် ပျိုးထောင်ထားခြင်းဖြစ်သည်။
အဆိုပါပျိုးပင်အရေအတွက်မှာ ကျွန်း (၃၀၀၀)၊ မယ်ဇလီ (၂၀၀၀)၊ စိန်ပန်းပြာ (၁၀၀၀)၊ စိန်ပန်းနီ (၉၀၀)၊ ခါတော်မီ (၇၀၀၀)နှင့် ချယ်ရီ (၁၀၀) စုစုပေါင်း အပင်ရေ (၁၄၀၀၀)ဖြစ်ကြောင်းနှင့် အလားတူ ရွှေ့ပြောင်းတောင်ယာပပျောက်ရေးအတွက်လည်း ကျွန်း(၂၀၀၀)၊ မယ်ဇလီ(၂၀၀၀)၊ ခါတော်မီ(၂၀၀၀)၊ ထောပတ် (၂၀၀၀) စုစုပေါင်း ပျိုးပင်(၈၀၀၀)ကိုလည်း ပျိုးထောင်ထားရှိကြောင်းနှင့် ယင်းပျိုးပင်များကို ဇွန်လ ပထမအပတ်တွင် စတင်ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ပြည့်ဖြိုးသန့်