အမ်းမြို့နယ် တပ်တောင်မြို့၌ ကျောင်းအပ်နှံနေမှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

အမ်း   မေ   ၂၆

နိုင်ငံတစ်ဝန်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၁၃ နေ့နံနက်မှစတင် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ အမ်းမြို့နယ် တပ်တောင်မြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နေမှုများကို ယနေ့က မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

မြို့အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးနှင့် တာဝန်ရှိသူများသည် KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှုပြီး ဆရာ၊ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံကာအားပေးစကားများ ပြောကြားခဲ့ကြသည်။

အမ်းမြို့နယ်အတွင်း‌ တပ်တောင်မြို့အပါအဝင် အခြေခံပညာကျောင်းအ.ထ.က(၁၁)ကျောင်း၊ အ.ထ.က(ခွဲ)(၁၁) ကျောင်း၊ အ.လ.က (၂၇)ကျောင်း ၊ အ.လ.က (ခွဲ) (၂၈)ကျောင်း၊ (မူလွန်) (၃၅)ကျောင်း၊ အ.မ.က(၆၅) ကျောင်း၊ အ.မ.က(ခွဲ)(၄၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်း စုစုပေါင်း (၂၂၃)ကျောင်းရှိရာ မေလ ၂၃ ရက်နေ့မှ စ၍ မေလ ၃၁ ရက်နေ့ အထိအခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း များဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။    

 မြို့နယ်(ပြန်ဆက်)