ပေါင်းတည်မြို့နယ်၌ အငြိမ်းစား ပင်စင်လစာများ စတင်ထုတ်ပေး

ပေါင်းတည် အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားပင်စင်လစာများကို ယနေ့နံနက် ရုံးဖွင့်ချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပေါင်းတည် မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိသည်။

အဆိုပါဘဏ်ခွဲ၌  ယနေ့တွင် နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်နှင့် မြို့ပြပင်စင်စားများအတွက် အငြိမ်းစားလစာငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းဘဏ်မှ ယနေ့တွင် နိုင်ငံရေးပင်စင်စား ၄၀ ဦး ကာကွယ်ရေးပင်စင်စား ၁၈၆ ဦးနှင့် မြို့ပြပင်စင်စား ၄၀၅ ဦးစုစုပေါင်း ၆၃၁ ဦးတို့ကို ယခုလအငြိမ်းစားလစာများ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

သူရကြီး ( ပြန်/ဆက်)