ကျွန်းစု အောက်တိုဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းနှင့် ဦးကိုကိုလွင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)တို့သည် တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိနှင့် မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျွန်းစုမြို့နယ်၏ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒ ရှင်စာရင်းပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မဲရုံများလျာထားသတ် မှတ် ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်မှ မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် လစ်ဟာမှုမရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကတော့ မဲစာရင်းမှန်ကန်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းက မိတ်ဆက်အမှာစကားနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက ဆောင်ရွက်ထားရှိသည့် မြို့နယ်အလိုက် လျာထားမဲရုံ၊ လျာထား မဲဆန္ဒရှင်စာရင်းနှင့် လူဦးရေအခြေအနေများအား ရှင်း လင်းတင်ပြပြီး ကျွန်းစုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးကျော်လွင်က ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် လျာထားမဲရုံတည်နေရာများနှင့် လျာထားမဲဆန္ဒရှင်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဇော်ဝင်းအောင် တို့က လိုအပ်သည်များအား ဖြည့်စွက်တင်ပြဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ ကျွန်းစုမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများ၏ မဲစာရင်း မှန်ကန်ရေးစိစစ်ခြင်း၊ မဲရုံများလျာ ထားသတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းများ လျာထားဆောင်ရွက်မှု တင်ပြချက် များနှင့်ပတ်သက် ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)