ပေါင်းတည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက တင်း၁၀၀ ထွက်ရှိ

ပေါင်းတည် အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်အုပ်စု၊ ညောင်လှကျေးရွာမှ တောင်သူ ဦးကြည်လွင်၏ လယ်မြေကွင်းအမှတ် ၁၀၇၆၊ ဦးပိုင်အမှတ် ၁၂၅ ရှိ စိုက်ဧက ၆ ဧကတွင် ယမန်နေ့နံနက် ၉ နာရီ ခန်က ရတနာတိုး မိုးစပါးစံကွက် ရိတ်သိမ်းခဲ့သည်။

အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြောက်ကုန်းကြီး ကျေးရွာအထွက်တိုးစခန်း၊ စခန်း ၃ နယ်မြေမှူး ဒုတိယဦးစီးမှူးဒေါ်ခင်မာမာနှင့် စိုက်ပျိုးရေးဝန်ထမ်းများက ပါဝင်ပူးပေါင်းရိတ်သိမ်းခဲ့ကြပြီး ရတနာတိုး မိုးစပါး တစ်ဧက လျှင် တင်း ၁၀၀ခန့် ထွက်ရှိကြောင်းသိရသည်။

သူရကြီး ( ဆက်/ပြန်)