ပန်းဘဲတန်း အောက်တိုဘာလ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၅)ရပ်ကွက်ရှိ စိန်မေရီ Church ကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးဆောင်ရွက်ရာတွင် အသက်(၁၂)နှစ်နှင့်(၁၈)နှစ်ကြား အသက်အရွယ် ပထမအကြိမ်ထိုးနှံသူ(၁၀)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသူ(၆၄)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအနေဖြင့် အောက်တိုဘာလ (၂၀)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၁၉၁၈၂)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ(၁၈၈၇၂)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ(၈၄၂၇)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကာကွယ် ဆေးထိုးနှံလိုသူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းပေးသွင်း၍ ထိုးနှံနိုင်ကြောင်းမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရှိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဒေါ်ဦးဆန်းကြည်