လှည်းကူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

လှည်းကူး   အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီက ဇရပ်ကွင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးတင်မျိုးအောင်က ကျောင်းသား/သူများကို မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။ ထို့နောက်ပြန်/ဆက်ဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ ကိုဗစ်-၁၉ ရောဂါအကြောင်းအသိပညာပေးနံရံကပ်စာစောင်များနှင့် စာအပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရူခဲ့ကြောင်းသိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)