ကြည့်မြင်တိုင် အောက်တိုဘာ ၂၁
ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်းနှင့် စာအုပ်စာစောင်များပြသခြင်း၊ စာအုပ်များကှားရမ်းပေးခြင်းစသည့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခိုင်ဇာလင်းက ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာဖတ်သည့်အလေ့အကျင်းကောင်းများရရှိစေလိုကြောင်း၊ စာအုပ်စာပေများကိုဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားလာစေရန် ဟောပြောပွဲများ၊ ပြပွဲ ပြိုင်ပွဲများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားကာ ကျောင်းသားကျောင်းသူများအား စာအုပ် စာစောင်များ ငှားရမ်းပေးခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ပုံပြင်စာအုပ်များ၊ ကဗျာစာအုပ်များ၊ ရုပ်ပြကာတွန်းစာအုပ်များ စသည့်စာအုပ်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများအား စိတ်ပါဝင်စားစွာ
ခိုင်ဇာလင်း ( ပြန်/ဆက် )