အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးသင်တန်း (၁၀/၂၀၂၂) ဖွင့်လှစ်

အုတ်တွင်း အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ရေအသုံးချသူအဖွဲ့များမှ အဖွဲ့ဝင်တောင်သူများအား စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရေအသုံးသူအဖွဲ့၂၃ ဦးအား အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ဟင်းငုတ်ပင် ဆည်မြောင်းရုံးဝင်း ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနတို့မှ ဆည်ရေစီမံခန့်ခွဲရေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်လယ်ယာမြေဥပဒေ၊ သီးနှံအထွက်တိုးရေး၊ နည်းပညာနှင့်စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းတို့ကို သက်ဆိုင်ရာရုံးဌာနအလိုက် သင်တန်းပို့ချခဲ့သည်။

အဆိုပါ သင်တန်းသို့ ခပေါင်းဆည်ရေသောက်၊ ချောင်းမကြီးဆည်ရေသောက်၊ ဆွာချောင်းဆည်ရေသောက်၊ ပဲချက်ကုန်းစက်ရေတင်၊ ပသိဆည်ရေသောက်၊ ကမ်းနီဆည်ရေသောက်၊ မင်းရဲဆည်ရေသောက်၊ ရေသိုးဆည်ရေသောက်၊ သဖန်းပင်စက်ရေတင်တို့မှ ရေအသုံးချသူများအဖွဲ့(WUG)ခေါင်းဆောင် ၂၃ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

အေမင်းရည်စော(ပြန်/ဆက်)