သထုံ မေ ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းဆောင်ရွက်နေများကို ယနေ့နံနက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျောင်းအပ်နှံနေမှုများကိုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က အ.ထ.က(၂)၊ အ.ထ.က(၁)နှင့် အ.လ.က(သုဓမ္မဝတီ)ကျောင်းတို့၌ KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသားမိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားများ ပြောကြားခဲ့ကြသည်။
သထုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အ.ထ.က ၁၃ ကျောင်း၊ အ.ထ.က(ခွဲ) ၇ ကျောင်း၊ အ.လ.က ၈ ကျောင်း၊ အ.လ.က(ခွဲ) ၆ ကျောင်း၊ မူလွန် ၃၂ ကျောင်း၊ မူလတန်း ၁၀၅ ကျောင်း၊ မူလတန်း(ခွဲ) ၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၇၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇ ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်က ကျောင်းသားကျောင်းသူပေါင်း ၃၄၂၆၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်