မင်းလှမြို့နယ်၌ ၂၀၂၃ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေပေါင်း (၂၀၂၃.၅၀) သိန်း ထုတ်ချေး ပြီးဖြစ်

အထက်မင်းလှ  မေ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မေလ(၁၈)ရက် နေ့က စတင်ထုတ်ချေးပေးခဲ့ရာ မေလ(၂၆)ရက်နေ့အထိ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေပေါင်း (၂၀၂၃.၅၀) သိန်းထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေး ငွေလျာထားချက်မှာ ကျပ်သိန်း(၂၁၀၀၀)ဖြစ်ပြီး တောင်သူများပိုင်ဆိုင်ထားသော (ပုံစံ-၇) မူရင်းများကို ဘဏ်အပေါင်အဖြစ်ရယူထားပြီး တောင်သူတစ်ဦးချင်း ကိုယ်တိုင် အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။

အဆိုပါ မိုးသီးနှံထုတ်ချေးငွေကာလမှာ ၂၀၂၃ခုနှစ်၊မေလမှစက်တင်ဘာလကုန် အထိဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်မေလ(၂၆)ရက်နေ့အထိ စပါးသီးနှံစိုက်ပျိုးမှုတစ်ဧကလျှင် (၁၅၀၀၀ဝိ/)နှုန်းဖြင့် စပါး(၃၁၃)ဧက၊ နှမ်းသီးနှံစိုက်ပျိုးမှုတစ်ဧကလျှင် (၁၀၀၀၀ဝိ/)ဖြင့် နှမ်း(၁၅၅၄)ဧက၊ စုစုပေါင်း(၁၈၆၇)ဧကအတွက် တောင်သူ (၃၀၆)ဦးအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ် အတွင်းရှိကျန်ရှိနေသည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)