မရမ်းကုန်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းများနှင့်တွေ့ဆုံပွဲ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးမှူးက မရမ်းကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းများနှင့်တွေ့ဆုံ၍ အရောင်းဆိုင်များ အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်ရေးကိစ္စ၊ အသင်းပိုင်ရင်းနှီး ပစ္စည်းများဆုံးရှုံးမှုမရှိစေရေးအတွက် ထိမ်းသိမ်းဆောင်ရွက်ရန်ကိစ္စ၊ စာရင်းဇယားများပြည့်စုံစွာ ဆောင်ရွက်ထားရှိရေးကိစ္စ၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲများအား အသင်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပဆောင်ရွက်နိုင်ရေးကိစ္စများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ အသင်းဝင်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)