ဒဂုံမြောက် မေ ၂၃
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ်(၂၀) မူလတန်းကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းအတွင်းရှိ ရေသိုလှောင်ရာ ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ တာယာဘီးများအတွင်းရေဝပ်ခြင်းနှင့် ပိုးလောက်လန်းများပေါက်ပွားမှု ရှိမရှိစစ်ဆေးခြင်းနှင့် အသိပညာပေးဗီနိုင်းများကပ်ခြင်းတို့ကို အမှတ်(၂၀)ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကျောင်းကော်မတီများ၊ ရပ်ကွက် တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသည်။
မြင့်မြင့်ရီ