မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုင်းရှူး မေ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် ခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဆရာကြီးဦးအေးဝင်းတို့က အမှာစကားပြောကြားပြီး နိုင်ငံတော်မှ‌ ထောက်ပံ့သည့်  ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို တာဝန်ရှိသူများက သက်ဆိုင်ရာ အထက်တန်း၊ အလယ်တန်း၊ မူ‌လတန်း ကျောင်းအုပ်များထံသို့ ပေးအပ်ကာ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထိုအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်းနှင့် ကျောင်းအပ်လက်ခံရာနေရာများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)