(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား ထပ်ဆင့်ဂုဏ်ပြု

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုသည့် အခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၅  နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကျောက်မဲခရိုင်ရုံး ပြန်/ဆက်ဝန်ထမ်းများက ကျောက်မဲမြို့ အမက (၁၁) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်သူများအား စာအုပ်စာစောင်များ ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျောက်မဲမြို့၊ အမက(၁၁) ကျောင်းတွင် စာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးအောင်လွင်ဦး ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးအောင်လွင်ဦးနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၄ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ကြိုဆိုခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့်

လိပ်သိုမြို့တွင် ဆီဖူလုံရေးနေကြာစိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဆောင်းရာသီဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားအား  ယမန်နေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးအောင်လွင်ဦးတို့သည် ဓနုဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်ဦးအောင်လွင်ဦးတို့သည် အောက်တိုဘာ (၂၀)ရက်နေ့ ညနေ(၂)နာရီ(၃၀)မိနစ် အချိန်က မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် လူငယ်နှင့် အားကစား Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်နှင့် အားကစား Talk Showကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့နယ်၊ အ.လ.က (ဝှေလေလန်)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာချီလိတ်မြို့နယ်၊ ဝှေလေလန် အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်အတွင်း  မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရန်အတွက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်  (၁၀) နာရီ အချိန်က မြစ်သားမြို့နယ် ရေဝန်းကျေးရွာ၊ ညောင်ကုန်းဘုန်းတော်ကြီးကျောင်း အေးချမ်းရာ ဓမ္မာရုံ အတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဖျာပုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအားဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာတပ်ဆင်မောင်းနှင် ကြခြင်းဖြင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို ဖျာပုံမြို့အထွက် ဖျာပုံ-ကျိုက်လတ် ကားလမ်းမကြီးဘေးတွင် ယမန်နေ့နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့ ကြောင်းသိရသည်။
Subscribe to