တာလေမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကွန်ကရစ် လမ်းများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး

တာလေ မေ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ စည်ပင်သာယာရေးဌာန၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကွန်ကရစ်လမ်းများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် ရှမ်းပြည်နယ်၊ စည်ပင်သာယာရေးဌာနခွဲ၊ ကျိုင်းတုံမှ ဒုတိယ အင်ဂျင်နီယာမှူး ဦးစိုးသန်းနှင့် တာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြု ရန်ပုံငွေ ကျပ် ၂ ဒဿမ ၅၆ သန်းဖြင့် ဆောင်ရွက်မည့် အရှည် ၅၀ ပေ၊ အကျယ် ၁ ပေ ၆ လက်မ၊ ထု ၂ လက်မရှိ ဆေးရုံအထွက်လမ်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒဿမ ၉၅၆ သန်းဖြင့် ဆောင်ရွက်မည့် အရှည် ၁၈၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ အမှတ်(၃)ရပ် ကွက်၊ ၃/၂ လမ်း  ကွန်ကရစ်လမ်း ဆောင်ရွက်မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာန၊ တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)